မက္ကဆီကိုစီးတီးတွင် ရာဇ၀တ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အပြစ်ပေးခံရခြင်းတို့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများသည် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်း (Claudia Sheinbaum) ၏ နေအိမ်ပတ်လည်ရှိ ခြံစည်းရိုးများကို ဖြိုချခဲ့သည်။ ဤသို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရသလို G-Zများနှင့်ရုန်းရင်းဆန်ခတ်အခြေအနေတွေဖြစ်ပွားခဲ့ပြီး
မြို့တော်လုံခြုံရေးအတွင်းဝန် Pablo Vázquez ၏ ထုတ်ပြန်ချက်အရ ရဲများအပါအဝင်လူပေါင်း ၁၂၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး လူနှစ်ဆယ်ကို ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။



