ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းဘက်မှ မြစ်ပြင်ကျယ်ကို ဖြတ်ကူးလာတဲ့ ဆင်အမတစ်ကောင်ဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြင်ခရိုင်ကျွန်းပေါ်သို့ ရောက်ရှိခဲ့ပြိး ၂ ရက်ခန့် နေထိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဆင်မကလေးမှာ ပြင်ခရိုင်ကျွန်းပေါ်မှာ ၂ ရက်ခန့်နေထိုင်ခဲ့ပြီးနောက် မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာ သူလာရလမ်းအတိုင်း ဟိုင်းကြီးကျွန်းဘက်သို့ ရေကူးပြီး ပြန်သွားခဲ့တယ်လို့ သိရပါတယ်။



