ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်မှ စ၍ wifi လိုင်းများ အကြောင်းမဲ့ လိုင်းပျက်နေခြင်းမှာ တစ်လ နီးပါးကြာမြင့်လာပြီဖြစ်ပြီး ပြန်လည်ကောင်း မွန်ခြင်း မရှိသေးကြောင်း သိရသည်။တောင်ကြီးမြို့ပေါ် တွင် အဓိက အားထားအသုံးပြုကြရသော ဝိုင်ဖိုင်လိုင်းများပြန်လည် ကောင်းမွန်ခြင်း မရှိသေး သောကြောင့် ဖုန်းဆင်းကတ် ဘေလ်ဖြင့် အင်တာနက် သုံးစွဲရသဖြင့်ကုန်ကျစရိတ် ပိုတက်လာနေကြောင်း သိရသည်။



