အဆိုတော် အိမ့်ချစ် ဟာဒီနေ့မှာပဲ မိခင်ဖြစ်သူ ဒေါ်ဝါဝါထူး ဆုံးပါးသွားတာ ၂ လပြည့်ပြီဖြစ်တာကြောင့် ရည်စူးအလှူလေးပြုလုပ်ပေးခဲ့ပါတယ်။ ခွဲခွာသွားတာ ၂ လပြည့်ပြီဖြစ်ပေမယ့် တစ်ရက်မှ မေ့မရသေးသလို အမေနောက်ဆုံးဝတ်ခဲ့တဲ့ အင်္ကျီလေးက အမေ့ရဲ့ အငွေ့အသက်လေးကို ရှုရှိုက်ပြီး ငိုနေမိတုန်းပဲလို့ အိမ့်ချစ်ကဆိုပါတယ်။ မိခင်ဖြစ်သူ သူမရဲ့ လှူဒါန်းမှုတွေနဲ့ ကောင်းရာဘုံဘဝရောက်ဖို့ ဆုတောင်းလိုက်ပါတယ်။



