ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပယ်ဖျ-က်ခံရမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အယူခံတင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း သိရသည်။ယင်းကဲ့သို့ အယူခံပယ်ချခံခဲ့ရသည့်အတွက် ဒေါ်သက်သက်ခိုင်အနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရတော့ပဲ ပါတီဥက္ကဋ္ဌအနေဖြင့်သာ ဆက်လက်ရပ်တည်ခွင့်ရှိမည် ဖြစ်သည်။အယူခံပယ်ချခံရမှုနှင့် ပတ်သက်၍ ဒေါ်သက်သက်ခိုင်ထံ ပေါ်ပြူလာနယူးစ်က ဆက်သွယ်၍ သဘောထားမှတ်ချက်တောင်းခံစဉ် ဘာမှမပြောလိုတော့ကြောင်း ၎င်းက ပြန်လည်ပြောကြားခဲ့သည်။



