Team Seven ကတော့ Falcon Esports တင်မက နောက်ထပ် Champion ဆုကိုသိမ်းပိုက်ဖို့ အလားအလာအရှိဆုံးအသင်းတစ်သင်းဖြစ်တဲ့ AI Esports ကိုပါ ပွဲပြတ်အနိုင်ရလဒ် ရယူပြီး Grand Final ကို တက်ရောက်သွားပါတယ်။Team Seven ရဲ့ Underdog Run / Dark Horse Story ကတော့ ခရီးဆုံးအထိတောင် ရောက်ရှိလာခဲ့ပါပြီ။Team Seven အနေနဲ့ MSL MM S1 ရော၊ S2 ရောမှာ တစ်ခါမှအနိုင်မရဖူးတဲ့ Yangon Galacticos ကို Grand Final (BO7) မှာ ဘယ်လိုရင်ဆိုင်ယှဉ်ပြိုင်သွားဦးမလဲ …ဆိုပြီးပရိသတ်တွေကအထူးစိတ်ဝင်စားနေပါတယ်။



