back

ကာရေဘီယံမှာ စစ်ရေးတည်ဆောက်နေချိန် ပိတ်ထားသော ပွာတိုရီကို ရေတပ်စခန်းကို အမေရိကန်ပြန်ဖွင့်လှစ်

Nov 16 • 6:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကာရေဘီယံမှာ စစ်ရေးတည်ဆောက်နေချိန် ပိတ်ထားသော ပွာတိုရီကို ရေတပ်စခန်းကို အမေရိကန်ပြန်ဖွင့်လှစ်

ဗင်နီဇွဲလားကို စစ်ရေးအရ အရေးယူမှုမတိုင်မီ ကာရစ်ဘီယံတွင် အမေရိကန်ပြည်ထောင်စုက စစ်ရေး တည်ဆောက်နေချိန်တွင် လွန်ခဲ့သော နှစ် ၂၀ ကျော်က ပိတ်ထားခဲ့သော ပွာတိုရီကိုရှိ အ...

ဗင်နီဇွဲလားကို စစ်ရေးအရ အရေးယူမှုမတိုင်မီ ကာရစ်ဘီယံတွင် အမေရိကန်ပြည်ထောင်စုက စစ်ရေး တည်ဆောက်နေချိန်တွင် လွန်ခဲ့သော နှစ် ၂၀ ကျော်က ပိတ်ထားခဲ့သော ပွာတိုရီကိုရှိ အမေရိကန်ရေတပ် အခြေ စိုက်စခန်းကို ယခုအခါ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း CBS News သတင်းက ဖော်ပြခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပိတ်ခဲ့သည့် ရုစဗဲ့လမ်း ရေတပ်စခန်းမှာ ၁၉၄၃ ခုနှစ်မှစ၍ အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရုစဗဲ့လမ်း အခြေစိုက်စခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ အမေရိကန်တပ်ဖွဲ့များ ပွာတိုရီ ကိုတွင် လှုပ်ရှားနေသည့် နေရာ ငါးခုအနက် တစ်ခုဖြစ်လာခဲ့ပြီး ၎င်းမှာ ဗင်နီဇွဲလား၏ မြောက်ဘက်ရှိ မဟာဗျူဟာကျသော အမေရိကန်နယ်မြေတစ်ခုဖြစ်သည်။ စက်တင်ဘာအစောပိုင်းတွင် အမေရိကန်သည် မူးယစ်ဆေးဝါးဂိုဏ်းများကို ပစ်မှတ်ထားသည့် စစ်ဆင် ရေးများအတွက် ပွာတိုရီကိုသို့ F-35 တိုက်လေယာဉ် ၁၀ စင်း စေလွှတ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက CBS News သို့ အတည်ပြုခဲ့သည်။

အခြေစိုက်စခန်းနှင့် ကပ်လျှက်တည်ရှိသည့် ဆီဘာမြို့၏ မြို့တော်ဝန် ဆမ်မြူရယ် ရီဗာရာ ဘေဇ်က F-35 များသည် သူ့ကို မနက်တိုင်း နှိုးပေးသည်ဟု CBS News သို့ ပြောခဲ့သလို ဘေဇ်က "အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးပါ" ဟု ဆိုသည်။ "သူတို့က ဒီမှာ ကျွန်တော်တို့ကို ဂရုစိုက်ပေးနေတာကြောင့် ကျွန်တော်တို့ ပိုပြီး လုံခြုံတယ်လို့ ခံစားရပါတယ်။ဗင်နီဇွဲလားကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အမေရိကန်စစ်ရေးအင်အားကို နှိုးဆွသည့်အနေဖြင့် ကာရစ်ဘီယံသို့ ဦးတည်နေသော လေယာဉ်တင်သင်္ဘော ဂျရယ်လ်ဖို့ဒ် သို့ ပျံသန်းနေသည့် B-52 အဝေးပစ်ဗုံးကြဲ လေယာဉ်တစ်စင်း ရုပ်ပုံအသစ်များကို ပင်တဂွန်က ပြသနေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။



news-view-count-icon

25