နေပြည်တော်မြို့နယ်များတွင်ငလျင်ကြီးလှုပ်ခပ်စဉ်ကပြိုပျက်အဆောက်အဦများမှသွပ်အဟောင်းများ ကို အဆောက်အဦများပြန်ဆောက်ရာတွင် အသုံးပြုလာသဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းဆောက်လုပ်ရေး အသိုင်းအဝိုင်းမှသိရသည်။သွပ်အဟောင်းတစ်ချပ်ပေအရှည်ပေါ်မူတည်၍၆,၀၀၀/၇,၀၀၀အထိရောင်းရကြောင်းသိရသည်။တည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွက် ဝန်းခြံအားယာယီသွပ်အဟောင်းများ ကာရံထားခြင်းမှာ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ဝါးကပ်များထက်ပိုလုံခြုံမှုရှိကာတည်ဆောက်ရေးလုပ်ငန်းပြီးပါက ဝါး ကပ်ကာရံထားပါလွှင့်ပစ်ရမည့်ဖြစ်ပြီးသွပ်အဟောင်းများကာယံထားပါကအဆောက်အဦအပြီးတွင် ကာရံထား သည့် သွပ်များပြန်ရောင်းရသဖြင့် ငွေပြန်ရကြောင်း တည်ဆောက်ရေးသမားတစ်ဦးမှပြောသည်။
နေပြည်တော်မှာ ငလျင်ပြိုကျအဆောက်အအုံများမှ သွပ်အဟောင်းများကို ပြန်လည်အသုံးပြုနေကျသဖြင့် အရောင်းအဝယ်ဖြစ်လာ
Nov 16 • 6:15 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 36 | 0 | 0 | 0 |


