back

အိန္ဒိယနဲ့ မြန်မာဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်ဖို့ MoU ရေးထိုးသွားမယ်

Nov 16 • 6:14 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အိန္ဒိယနဲ့ မြန်မာဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်ဖို့ MoU ရေးထိုးသွားမယ်

အိန္ဒိယနဲ့ ြမန်မာဟာဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးသွားနိုင်ဖို့စီစဉ်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖ...

အိန္ဒိယနဲ့ ြမန်မာဟာဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးသွားနိုင်ဖို့စီစဉ်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကသိရပါတယ်။ ဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ဖို့အတွက် MoU (မူကြမ်း) ကို ပြုစုပြီး စီးပွားရေးသံမှူးမှတစ်ဆင့် အိန္ဒိယနိုင်ငံဘက်သို့ ပေးပို့နိုင်ဖို့ ဆွေးနွေးထားတယ်လို့ " မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။မြန်မာနိုင်ငံ ကို အိန္ဒိယနိုင်ငံကနေ အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းနိုင်မှုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နိုဝင်ဘာလ ၁၂ ရက် က virtual စနစ်နဲ့ တတိယအကြိမ်ညှိနှိုင်းဆွေးနွေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီအစည်းအဝေးကနေ တစ်ဆင့် MoU ရေးထိုးသွားနိုင်ဖို့စီစဉ်ခဲ့တယ်လို့ " မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကဆိုပါတယ်။မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အိန္ဒိယနိုင်ငံ က Suvin ဝါမျိုး တင်သွင်းနိုင်ရေး ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံကို ဝါမျိုးစေ့တင်သွင်းပြီး မြန်မာ့တောင်သူ တွေ စမ်းသပ်စိုက်ပျိုးရာမှာ နှစ်ဖက်ကုန်ကျမယ့်စရိတ် တွေ ကို တွက်ချက် ပေးပို့ဖို့လည်း ပြုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။မြန်မာနိုင်ငံ ကို အိန္ဒိယနိုင်ငံ၊ IFBIC က နည်းပညာ အဖွဲ့ တွေလာရောက်ပြီး ကွင်းဆင်းလေ့လာနိုင်ဖို့အတွက် အချိန်ကာလ သတ်မှတ်ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ် တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

news-view-count-icon

31