back

မန္တလေး၊အောင်မြေသာစံမြို့နယ်အတွင်းမီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက်မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့

Nov 16 • 6:35 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေး၊အောင်မြေသာစံမြို့နယ်အတွင်းမီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက်မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့

ပွင့်လင်းခြောက်သွေ့သောရာသီအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် မန္တလေး၊အောင်မြေသာစံမြို့နယ်အတွင်းမီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ၂၀...

ပွင့်လင်းခြောက်သွေ့သောရာသီအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် မန္တလေး၊အောင်မြေသာစံမြို့နယ်အတွင်းမီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ (၀၉ ဝဝ) အချိန်မှ (၁၁ ၀၀) အချိန်ထိ ၊ အောင်မြေသာစံမြို့နယ်၊သီရိမာလာရှေ့ရပ်ကွက်၊ ၂၅လမ်း ၊၈၈ လမ်း×၈၉ လမ်းကြား အကွက်အမှတ်(၁၉၇) နဘဲကြူးရပ်ရှိ အိမ်ထောင်စု (၃၀၀)၊အိမ်ခြေ(၂၅၀)၊ရပ်ကွက်နေပြည်သူ(၇၅၀)ဦးတို့အားအောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးဇော်မျိုးထက်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၅) ဦး၊ သီရိမာလာအရှေ့အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ကြပ်ကြီး စိုပြေဝင်းပါ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ သီရိမာလာအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမျိုးပါ (၅)ဦး တို့ဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူလူထုများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊မီးသုံးစွဲမှုအခြေအနေများစစ်ဆေးဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ဝါယာကြိုးသွယ်တန်းထားမှုအခြေအနေများစစ်ဆေးထားမှုခြေအနေများအား စစ်ဆေးဆောင်ရွက်ခြင်း၊ ရပ်ကွက်အတွင်းမီးသတိပေး ဗွီနိုင်းပိုစတာများ စိုက်ထူခြင်း၊ ရေရရှိရေးအတွက် Hydrants ငုတ်များအား စစ်ဆေးခဲ့ပြီး လိုအပ်သည့်အကြံပြုလမ်းညွှန်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


news-view-count-icon

27