အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ အချိန်ပိုင်းအနုပညာဒီပလိုမာ (ဓာတ်ပုံ) သင်တန်းအစား အချိန်ပိုင်းအနုပညာဒီပလိုမာ (Film Making) သင်တန်းကို ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။အဆိုပါသင်တန်းကို Level သုံးခုဖြင့် စုစုပေါင်း အချိန်ကိုးလ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ဘွဲ့ရရှိပြီးသူများ၊ အခြေခံပညာ Grade-12 သို့မဟုတ် ဒသမတန်းအထိ တက်ရောက်ခဲ့သူများ တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။



