After School အဖွဲ့ဝင်နဲ့ သရုပ်ဆောင်မင်းသမီး Nana တို့ သားအမိဟာ နေအိမ်ဖောက်ထွင်းဝင်ရောက်ပြီး ဓားပြတိုက်သူကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ တောင်ကိုရီးယားရဲ့ဂယောင်ဂီဒိုပြည်နယ် ဂူရီမှာ Nana တို့သားအမိ နေထိုင်တဲ့ နေအိမ်ကို လက်နက် ကိုင်ဆောင်ထားတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အသ-က်အန္တရာယ် ခြိမ်းေ-ခြာက်ကာ ငွေညှစ်ခဲ့ပေါတယ်။ Nana တို့သားအမိဟာ ဖောက်ထွင်းဝင်ရောက်သူကို တားဆီးဖို့ ကြိုးစားခဲ့ရာမှာ လုံးထွေသတ်ပုတ်ခဲ့ကြပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ Nana ရဲ့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ Nana ရဲ့အေဂျင်စီ Sublime Entertainment က “Nana အမေဟာ ဖောက်ထွင်းဝင်ရောက်သူရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သတိမေ့သွားခဲ့ပါတယ်။ Nana လည်း ထွက်ပြေးဖို့ ကြိုးစားခြင်း ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရရှိခဲ့တာပါ။ အခုအချိန်မှာ သူတို့သားအမိနှစ်ယောက်စလုံး ကုသမှုခံယူဖို့နဲ့ လုံးဝအနားယူဖို့ လိုပါတယ်။ အမှုဖြစ်ပွားခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေတာကြောင့် ထုတ်ပြောလို့ မရသေးပါဘူး။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ လိုအပ်တဲ့ဘက်ကနေ အပြည့်အ၀ ကူညီပေးသွားမှာပါ”လို့ ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။ ဂူရီရဲတပ်ဖွဲ့ကတော့ Nana တို့အိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။



