မြန်မာနိုင်ငံ၊စံမျိုးစုံရောင်းဝယ်မှုစျေးကွက်အတွင်းမှာ ဧည့်မထဆန်(သစ်)၊ ဆန်ကွဲB(2,3,4) နဲ့ ဖွဲနုဈေးတွေကျပြီး၊ ဆန်ကွဲ B(1,2)ဈေးမြင့်တက်ကာ ဧည့်မထဆန် (ဟောင်း) နဲ့ ပေါ်ဆန်းမွှေးဆန်ဈေးတည်ငြိမ်နေတယ်လို့စံစျေးကွက်အတွင်းကသိရပါတယ်။ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍ မှာ ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူတို့ရဲ့ဝယ်လိုအားအနည်းအများအပေါ် မူတည်ပြီး ဆန်နဲ့ ဆန်ကွဲ၊ ဖွဲနုဈေး တွေ အတက်အကျ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ပဲခူးကုန်စည်ဒိုင်အနေနဲ့ နိုဝင်ဘာ ၆ ရက် မှာ ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၄၆,၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၁၀,၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃,၀၀ဝကျပ်၊ ဆန်ကွဲB (2,3,4) တစ်အိတ် ၄၀,၀၀ဝ ကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၄,၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။



