back

စစ်ကိုင်းမြို့ကမျက်မမြင်အကြောပြင်ဆိုင် ဝင်ခိုးခံရကာ ဖုန်းနဲ့ငွေတွေပါသွား

Nov 16 • 4:32 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့ကမျက်မမြင်အကြောပြင်ဆိုင် ဝင်ခိုးခံရကာ ဖုန်းနဲ့ငွေတွေပါသွား

စစ်ကိုင်းမြို့ပေါ်မှာ မျက််မမြင်အကြောပြင်ဆိုင်ကို သူခိုးဝင်ခိုးပြီး မျက်မမြင်အနှိပ်သည်ရဲ့ ဖုန်းနဲ့ငွေတွေ ခိုးယူသွားကြောင်း သတင်းရရှိပါတယ်။နိုဝင်ဘာ ၁၅ ရက် မနက် ၁...

စစ်ကိုင်းမြို့ပေါ်မှာ မျက််မမြင်အကြောပြင်ဆိုင်ကို သူခိုးဝင်ခိုးပြီး မျက်မမြင်အနှိပ်သည်ရဲ့ ဖုန်းနဲ့ငွေတွေ ခိုးယူသွားကြောင်း သတင်းရရှိပါတယ်။နိုဝင်ဘာ ၁၅ ရက် မနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ မျက်မမြင်အကြောပြင်ဆိုင်တဆိုင်သို့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကဝင်ရောက်ခိုးယူသွားရာ မျက်မမြင်အကြောပြင်ဆရာတဦးရဲ့ ကျပ်လေးသိန်းကျော်နဲ့ ဖုန်းတစ်လုံး ပါသွားတာလို့ဒေသခံအချို့က ပြောပါတယ်။"လင်မယားနှစ်ယောက်လာ ခိုးသွားကြတာ။ မှတ်ပုံတင်တွေလည်းပါသွားတော့ ပြန်လည်းလုပ်မရတော့ တော်တော်အခက်အခဲတွေ့နေတယ်ပြောတယ်။"လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးကပြောပါတယ်။စစ်ကိုင်းမြို့ပေါ်မှာ မကြာခဏ ပစ္စည်းခိုးယူခံရတာတွေ ဖြစ်ပေါ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

news-view-count-icon

16