back

ထိုင်းနိုင်ငံ၊ကန်ချနပူရီမှာ တရားမဝင် မြန်မာလုပ်သား ၂၉ ယောက်ကို ကားသမားနဲ့အတူဖမ်းမိ

Nov 16 • 4:30 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ကန်ချနပူရီမှာ တရားမဝင် မြန်မာလုပ်သား ၂၉ ယောက်ကို ကားသမားနဲ့အတူဖမ်းမိ

ထိုင်းနိုင်ငံ၊ကန်ချနပူရီမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့၊ မနက် ၁၁ နာရီခွဲလောက်မှာ တရားမဝင်အလုပ်သမားတွေ သယ်ဆောင်နေတဲ့ ကွန်ရက်တစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အငှား...

ထိုင်းနိုင်ငံ၊ကန်ချနပူရီမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့၊ မနက် ၁၁ နာရီခွဲလောက်မှာ တရားမဝင်အလုပ်သမားတွေ သယ်ဆောင်နေတဲ့ ကွန်ရက်တစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အငှားအခန်းတစ်ခုထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်နဲ့ သူတို့ကို သယ်လာတဲ့ ထိုင်းကားသမားကိုပါ ဖမ်းမိခဲ့တာပါ။ကားသမားကတော့အလုပ်သမားတစ်ယောက်ကို ပို့ပေးရင် ဘတ် ၁,၂၀၀ ရတယ်လို့ ဝန်ခံထားပါတယ်။အလုပ်သမားတွေရဲ့ ပြောပြချက်အရ သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စံခလပူရီ မြို့နယ်ကနေတစ်ဆင့် ခိုးဝင်လာခဲ့တာဖြစ်ပြီး ပွဲစားကို တစ်ယောက်ကို ဘတ် ၅၅,၀၀၀ ကနေ ၆၅,၀၀၀ အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။ကားသမား ဝရဖန်ကို "တရားမဝင် နိုင်ငံခြားသားကို ကူညီထောက်ပံ့မှု၊ ပုန်းအောင်းစေမှု" နဲ့ အမှုဖွင့်ထားပြီး၊ အလုပ်သမား ၂၇ ယောက်ကိုတော့ "တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု" နဲ့ အရေးယူထားပါသည်။

news-view-count-icon

28