မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ် ပြည်သူ့ ကူ ညီကယ်ဆယ်ရေးအသင်းမှ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန် နဲ့ ဆီ ထောက်ပံ့ခဲ့တယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။အိမ်ထောင်စု တစုကို ဆန် (၃)ပြည်၊ ဆီ(၅၀)သားစီနဲ့ အိမ် ထောင်စုပေါင်း (၁၅၆)စုကို ထောက်ပံ့ကူညီပေးခဲ့တာဖြစ်တယ်လို့ ပြောပါသည်။



