ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ ယမန်နေ့မွန်းလွဲပိုင်း တွင် Polytechnic ကျောင်းဖွင့်လှစ် ရေးနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်၊ ကျောင်းများမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်၊ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကြသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် Polytechnic University (မြစ်ကြီးနား) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အစိုးရက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်။ ဆရာ ဆရာမများအနေဖြင့်လည်း အရည်အချင်းပြည့်ဝသည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးအတွက် စနစ်တကျ သင်ကြား ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားကာ ဆရာ ဆရာမများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။
Nov 16 • 4:28 AM
မြန်မာ
ကချင်
မျှဝေမည်
| 24 | 0 | 0 | 0 |


