back

မွန်ပြည်နယ်၊မော်လမြိုင်မြို့၌ ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့

Nov 16 • 2:57 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်၊မော်လမြိုင်မြို့၌ ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့

မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနနှင့် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူ...

မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနနှင့် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲကို ကြက်ခြေနီလှုပ်ရှားမှု၏ တန်ဖိုးများ၊ ကြက်ခြေနီအခြေခံမူများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတာဝန်များ၊ ကြက်ခြေနီလှုပ်ရှားမှုအကြောင်းအရာများကို ကြက်ခြေနီစေတနာလုပ်အားရှင်များ ပိုမိုရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန်နှင့် ကြက်ခြေနီက ချမှတ်ထားသော အခြေခံမူများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မှန်ကန် တိကျစွာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၀) ဦး တက်ရောက်ခဲ့ပါသည်။


news-view-count-icon

32