back

နေ့စဉ်စားတဲ့ အစားအစာများ၌ ကယ်လိုရီ ၂၅၀ ခန့်လျှော့စားခြင်းဖြင့် ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျှော့ချနိုင်ဖွယ်ရှိ ဟုဆို

Nov 16 • 3:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

နေ့စဉ်စားတဲ့ အစားအစာများ၌ ကယ်လိုရီ ၂၅၀ ခန့်လျှော့စားခြင်းဖြင့် ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျှော့ချနိုင်ဖွယ်ရှိ ဟုဆို

နေ့စဉ်စားသုံးသည့် အစားအစာများ၌ ကယ်လိုရီ ၂၅၀ ခန့် လျှော့ချစားခြင်းဖြင့် ဆီးချို၊ နှလုံး ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်မျာ...

နေ့စဉ်စားသုံးသည့် အစားအစာများ၌ ကယ်လိုရီ ၂၅၀ ခန့် လျှော့ချစားခြင်းဖြင့် ဆီးချို၊ နှလုံး ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားထားပါတယ်။အမေရိကန်နိုင်ငံ ရပ်ရှ်တက္ကသိုလ်မှ သုတေသနပညာရှင်များဟာ ကိုယ်ခန္ဓာဒြပ်ထု အညွှန်းကိန်းအနည်းဆုံး ၂၅ ရှိသူ အသက် ၆၅ နှစ်နှင့်အထက် လူနာ ၅၀၀ ကျော်တို့ဖြင့် လက်တွေ့ လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး လေ့လာချက်မှ ထွက်လာသည့် ရလဒ်များအရ နေ့စဉ်စားသုံးတဲ့ အစားအစာများ၌ ကယ်လိုရီ ၂၅၀ ခန့် လျှော့ချထားခြင်းဖြင့် ကိုယ်အလေးချိန်ကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။ထို့အတူ ကယ်လိုရီ လျှော့ချခြင်းဖြင့် သွေးတွင်း ကိုလက်စထရောနှင့် ထရိုင်ဂလစ်စရိုက်အဆီ ဓာတ်များပါဝင်မှုအဆင့်ကို ထိန်းထားနိုင်ကြောင်း၊ ၎င်းအဆီဓာတ်များ ပါဝင်နှုန်းမြင့်မားမှုသည် နှလုံးသွေးကြောရောဂါများနှင့် ဆက်စပ်နေကြောင်း ပညာရှင်များက ဆိုထားပါတယ်။ယင်းအပြင် အထက်ပါ အဆီဓာတ် နှစ်မျိုးစလုံး သွေးအတွင်းပါဝင်မှု မြင့်မားခြင်းသည် ဆီးချိုရောဂါ၊ နှလုံး ရုတ်တရက်ဖောက်မှု၊ လေဖြတ်မှုတို့နှင့်လည်း ဆက်စပ်နေကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

news-view-count-icon

31