back

မြန်မာပြည်တွင်း ဈေးများရှိ ဆန်၊ဆီဈေးနှုန်းများ

Nov 16 • 2:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်း ဈေးများရှိ ဆန်၊ဆီဈေးနှုန်းများ

မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ဆန်ဈေးများက တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးအနည်းငယ်စီ ကွာခြားပြီး ပုံမှန်အမြင့် ဈေးအတိုင်းရှိသည်။ ဆင်းသွယ်တစ်ပြည် ၅,၀၀၀-၅,၅၀၀ ကျပ်၊...


မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ဆန်ဈေးများက တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးအနည်းငယ်စီ ကွာခြားပြီး ပုံမှန်အမြင့် ဈေးအတိုင်းရှိသည်။ ဆင်းသွယ်တစ်ပြည် ၅,၀၀၀-၅,၅၀၀ ကျပ်၊ ဧည့်မထဆန်အမျိုးအစားများမှာ တစ်ပြည် ၄,၅၀၀ ကျပ် နှင့် ၅,၅၀၀ ကျပ်ဈေးနှုန်းများအကြားရှိသည်။ ဖျာပုံပေါ်ဆန်းမွှေးတစ်ပြည် ၆,၅၀၀ ကျပ်၊ ရိုးရိုးပေါ်ဆန်းမွှေးတစ်ပြည် ၅,၅၀၀-၆,၀၀၀ ကျပ်၊ ကျားပျံတစ် ပြည် ၆,၅၀၀-၇,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇,၀၀၀ ကျပ်မှ ၈,၀၀၀-၈,၅၀၀ ကျပ်ဈေးများအထိ ဈေးနှုန်း အမျိုးမျိုးဖြင့် ပုံမှန်အမြင့်ဈေးအတိုင်းရှိသည်။ အိတ်လိုက်ဆန်ဈေးနှုန်းများမှာ ဆန်အမျိုးအစားအလိုက် ၂၄ ပြည်တစ်အိတ် ၉၀,၀၀၀ ကျပ်မှ ၁၈၀,၀၀၀ ကျပ် ဈေးများအထိ ဈေးနှုန်းအမျိုးမျိုးရှိကြသည်။ စားအုံးဆီ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၆၉၀၀ ကျပ်ဈေးဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ ၁၂,၀၀၀ ကျပ်ဈေးဖြစ်သည်။ မြေပဲဆီများမှာ တစ်ပိဿာ ၂၀,၀၀၀-၂၅,၀၀၀ ကျပ်ဈေးများကြား ဈေး နှုန်းတို့ရှိသည်။ နှမ်းဆီတစ်ပိဿာ ၂၂,၀၀၀ ကျပ်ဈေးဖြစ်သည်။ ဘူးလိုက်ရောင်းချဆီများတွင်  ၂၅ ကျပ်သားတစ်ဘူး ၃,၅၀၀ ကျပ်ဈေးမှ ၅ ပိဿာတစ်ဘူး ၄၅,၀၀၀ ကျပ်ဈေးများအထိ ဈေးနှုန်းအမျိုးမျိုး ရှိကြသည်။

news-view-count-icon

28