မနေ့ညက ကစားခဲ့တဲ့ အန်ဂိုလာအသင်းနဲ့ ခြေစမ်းပွဲမှာ လီယွန်နယ်မက်ဆီဟာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒါကြောင့် မက်ဆီဟာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက မပြုလုပ်နိင်ခဲ့တဲ့ အာဖရိကမှာ ဂိုးမသွင်းနိုင်ခဲ့မှုကို အန်ဂိုလာနဲ့ပွဲမှာ ပြန်လည်ရယူသွားနိုင်ခဲ့ပါပြီ။ အန်ဂိုလာအသင်းဟာ မက်ဆီပါဝင်တဲ့ အာဂျင်တီးနားအသင်းကို ဖိတ်ခေါ်ဖို့အတွက် ပေါင် ၁၂ သန်းအကုန်ကျခံခဲ့ပြီး မက်ဆီလို ကမ္ဘာ့အကောင်းဆုံးကစားသမားကို မြင်တွေ့ခွင့်ရရှိခဲ့ရမှုဟာ သူတို့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ခဲ့ရပါသည်။



