မြန်မာပြည်တွင်းတွင် မတ်ပဲက ယခုတစ်ပတ်မှာလည်း အိန္ဒိယက ဝယ်လိုအား နည်းတာကြောင့် စျေးထပ်ကျ ပါတယ်။ တစ်တန်ကို ၁၀,၀၀၀ မှ ၃၀,၀၀၀ လောက်အထိ စျေးကျတာ ဖြစ် ပါတယ်။ပဲစင်းငုံနီကလည်း ယခုတစ်ပတ်မှာ စျေးထပ်ကျတာ တွေ့ရပါတယ်။ ပဲစင်းငုံတစ်တန်ကို ကျပ် ၅၀,၀၀၀ ကျော်လောက် ကျသွားတာဖြစ်ပါတယ် ။ ယခုတစ်ပတ်မှာတော့ နှမ်းနက်စမုံ နဲ့ နှမ်းဖြူဂျပန်က စျေးက ထပ်ပြီးအကျပြလာတာ တွေ့ရပါတယ် ။ နှမ်းညိုကလည်း တစ်အိတ်ကို ၂,၀၀၀ ကျပ် စျေးကျပါတယ်။
Nov 16 • 2:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


