ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာတော့ ဒိန်းမတ်တို့ရဲ့ Group C က အတော်လေး စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ အမှတ်ပေးဇယားဦးဆောင်သူ ဒိန်းမတ်က အိမ်ကွင်းမှာ ဘီလာရုဇ်ကို ၂ ဂိုးစီသရေကျခဲ့ပါတယ်။ အဲဒီအခြေအနေမှာ ဒုတိယနေရာမှာရှိနေတဲ့ စကော့တလန်က ဂရိကိုနိုင်ရင် ဇယားထိပ်ကို တက်လာမှာပါ။ ဒါပေမဲ့ စကော့တလန်ကလည်း ဂရိကို ၃-၂ နဲ့ ရှုံးသွားတာကြောင့် ဒိန်းမတ်တို့ ကံကောင်းခဲ့ပါတယ်။ လာမယ့်အင်္ဂါညမှာတော့ ဒိန်းမတ်ဟာ စကော့တလန်ကွင်းမှာ သွားကစားရဖို့ ရှိနေပါတယ်။ အဲဒီပွဲစဉ်ဟာ သူတို့အတွက် နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။



