back

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Nov 16 • 2:23 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ (၁၀၅)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ (၁၀၅)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးအားကစား ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပထမဆုရ မူလွန် အ-မ-က(၃)အသင်း၊ ဒုတိယဆုရ အ-ထ-က(ဖောင်းပြင်)အသင်း၊ တတိယဆုရ အ-လ-က(တပ်နယ်မြို့)အသင်းနှင့် စတုတ္ထဆုရ အ-ထ-က(ခွဲ) ပိုးစာကုန်းအသင်းတို့အား အသင်းအလိုက်ထူးချွန်ဆုကိုလည်းကောင်း၊ ထူးချွန်ဆုမရရှိသည့် အသင်း(၄)သင်းအား နှစ်သိမ့်ဆုများကိုလည်းကောင်း ထို့အပြင် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် ဂိုးသွင်းအများဆုံးဆုများကိုလည်းကောင်း မြို့နယ်ပညာရေး မှူးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

news-view-count-icon

20