back

ရှမ်းပြည်နယ်၊ပင်လောင်းမြို့တွင် စပါးရိတ်သိမ်းချိန် မိုးရွာသွန်းမှုကြောင့် စပါးများ ပျက်ဆီးဆုံးရှုံးမှုတွေရှိနေ

Nov 16 • 2:22 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ပင်လောင်းမြို့တွင် စပါးရိတ်သိမ်းချိန် မိုးရွာသွန်းမှုကြောင့် စပါးများ ပျက်ဆီးဆုံးရှုံးမှုတွေရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ပေါင်းလောင်းဒေသရှိ တောင်ယာ၊ လယ်ယာလုပ်ကိုင်စိုက်ပျိုးကြတဲ့ တောင်သူတွေရဲ့စပါးခင်းတွေဟာ ယခုနှစ် စပါးရိတ်သိမ်းချိန်မှာ မိ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ပေါင်းလောင်းဒေသရှိ တောင်ယာ၊ လယ်ယာလုပ်ကိုင်စိုက်ပျိုးကြတဲ့ တောင်သူတွေရဲ့စပါးခင်းတွေဟာ ယခုနှစ် စပါးရိတ်သိမ်းချိန်မှာ မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံ‌တွေ့နေရပါတယ်။စပါးရိတ်သိမ်းချိန်ဖြစ်တဲ့ နိုဝင်ဘာလအစမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် စပါးပျက်စီးမှု‌တွေကြုံတွေ့‌နေရတဲ့အပြင် တချို့တောင်ယာ၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ‌တွေရဲ့စပါးခင်းတွေဟာ တောဝက်၊ မျောက်နဲ့ ငှက်‌တွေရဲ့ ဖျက်ဆီးမှု‌တွေလည်းကြုံတွေ့နေ‌ရကြောင်း သိရပါတယ်။

news-view-count-icon

40