back

ထိုင်းနိုင်ငံ၊အယုဒ္ဓယရေကြီးမှုတွင် လူ၁၅ဦးအထိ သေဆုံးခဲ့ရ

Nov 16 • 2:21 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊အယုဒ္ဓယရေကြီးမှုတွင် လူ၁၅ဦးအထိ သေဆုံးခဲ့ရ

ထိုင်းနိုင်ငံ၊ချိုင်နတ်က ကျောက်ဖယားမြစ်ရေကာတာကနေ ရေတွေ နေ့စဥ်ရက်ဆက် လွှတ်နေဆဲဖြစ်လို့ အယုဒ္ဓယရဲ့ ခရိုင်တော်တော်များများ ယခုချိန်အထိ ရေကြီးနေတုန်းဖြစ်ပါသည်။။ ခရိ...

ထိုင်းနိုင်ငံ၊ချိုင်နတ်က ကျောက်ဖယားမြစ်ရေကာတာကနေ ရေတွေ နေ့စဥ်ရက်ဆက် လွှတ်နေဆဲဖြစ်လို့ အယုဒ္ဓယရဲ့ ခရိုင်တော်တော်များများ ယခုချိန်အထိ ရေကြီးနေတုန်းဖြစ်ပါသည်။။ ခရိုင် ၁၁ ခု၊ ရွာပေါင်း ၉၄၇ ရွာ အိမ်ထောင်စုပေါင်း ၆၂,၃၄၈ စု ရေဘေးသင့်နေပြီး သေဆုံးသူ ၁၅ ဦးရှိလာပါသည်။ လူတွေနဲ့ အတူ တိရစ္ဆာန်တွေမှာ နေရခက်ခဲနေပြီး လနဲ့ချီကြာနေတဲ့အတွက် ဒေသခံတွေကတော့မကြာမီ ရေကျဖို့ မျှော်လင့်နေကြမှာပါ။ စပါးခင်းတွေလည်း ပျက်စီး၊ မွေးမြူရေး တိရစ္ဆာန်တွေအတွက်လည်း အစာရေစာရှားပါးမှုတွေပါ ကြုံနေရတာဖြစ်ပါသည်။

news-view-count-icon

35