ထိုင်းနိုင်ငံ၊ဘန်ကောက်က ထိုင်းအမျိုးသမီးတစ်ဦးအတွက် ရက်ချာဘူရီက ဘုန်းကြီးကျောင်းက အောင်မြေဖြစ်နေပါသည်။။ သူ ဒီကျောင်းကို သွားတိုင်း၊ ဝတ်ပြုပူဇော်တိုင်း ထီပေါက်ခဲ့လို့ပါ။ ထီပေါက်တဲ့ အကြိမ်အရေအတွက်က ၆ ကြိမ်အထိရှိခဲ့ပြီဖြစ်ပြီး သူ ဘုန်းကြီးကျောင်းမှာ အကလှူဒါန်းမှုကို ထီပေါက်ပြီးတိုင်း သွားလုပ်လေ့ရှိပါတယ်။ အခု နောက်ဆုံးတစ်ခေါက်မှာလည်း ထီပေါက်တဲ့အတွက် ဘန်ကောက်မှာ ကော်ဖီဆိုင်လည်းပိုင်သူ ထီတွေလည်း ကံထူးသူ Suphachaya Boontamanop ဆိုသူ အမျိုးသမီးက Phu Pha Hung Wong Wanaram ဘုန်းကြီးကျောင်းကိုသွားပြီး အက လှူခဲ့တာ ဖြစ်ပါသည်။ရိုးရာ ဓမ္မတေး ၉ ပုဒ်၊ ဆွမ်း၊ ခဲဘွယ်တွေလှူဒါန်းပြီး အမြဲဆုတောင်းတဲ့အခါ ထီပေါက်တဲ့အတွက် ကတိအတိုင်း အခုလို အလှူလုပ်ဖို့လာတယ်လို့ ၎င်းကပြောခဲ့ပါတယ်။အခုနောက်ဆုံးတစ်ခေါက် ထီပေါက်စဥ်ထွက်တုန်းကလည်း ဘတ် ၁ သိန်းဝန်းကျင် ထီပေါက်ခဲ့ပြီး ၆ ကြိမ်မြောက်ထီပေါက်တာကနေ ပိုက်ဆံ ဘတ် ၁ သန်းထိရနေသည်ဟု ပြောပါသည်။
Nov 16 • 2:20 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


