ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် ကားတစ်စီးပေါ်၌ လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) တွင် ရဲတပ်ဖွဲ့သည် ကန်ချနပူရီခရိုင်၊ အဝေးပြေးလမ်းမ (၃၂၀၉)တနေရာ မဲကလောင်မြစ်အနီး၌ ကားတစီးကိုစစ်ဆေးရာ ကားနောက်တွင်လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား စစ်ဆေးရာ ကမ်ဖိုင်ဆဲန်ခရိုင်ရှိ ပြောင်းကြိတ်စက်ရုံတွင် ပွဲစားအား ဘတ် ၂၀,၀၀၀ ကျော် ပေး၍ လပေါင်းများစွာ အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦး၊ ယာဉ်မောင်းတို့အား ဥပဒေအရ အရေးယူရန် ကန်ချနပူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ 
Nov 16 • 2:20 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


