back

မုံရွာမြို့အား သန့်ရှင်းသပ် ရပ် သာယာလှပစေရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

Nov 16 • 2:23 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

မုံရွာမြို့အား သန့်ရှင်းသပ် ရပ် သာယာလှပစေရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊လမ်း အန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စ...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊လမ်း အန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင် သွားလာနိုင်ရေးအတွက် စာပေါင်းသန့်ရှင်း ရေးများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိပါသည်။ ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ ထန်းတောရပ်ကွက် မီးပွိုင့် မှ မုံရွာမြို့ ကားလေးကွင်းအထိ ရထားသံလမ်း တစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ထို့နောက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများ အား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

news-view-count-icon

19