၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် ကိုးရီးယား-အာဆီယံ မူဝါဒဖလှယ်ရေး အသိုက်အဝန်း နိုင်ငံတကာအစိုးရမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ သို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ကိုရီးယားနှင့် အာဆီယံတို့၏ မိတ်ဖက်ဆက်ဆံရေးကို မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ခြင်းအဖြစ် ပြောင်းလဲဖော်ဆောင်ရန်၊ အထူးသဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ နည်းပညာ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် နိုင်ငံတကာရာဇဝတ်မှုများ တိုက်ဖျက်ရေး စသည့် အရေးကြီးနယ်ပယ်လေးခု၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်တင်ရေးနည်းလမ်းများကိုလည်း အကြံပြုဆွေးနွေးခဲ့သည်။

Nov 16 • 1:23 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


