တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ၆ နိုင်ငံတို့သည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများ ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးများအဆင့်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပခဲ့သည်။ နိုင်ငံများအနေဖြင့် လိမ်လည်မှုများ ပူးတွဲတိုက်ဖျက်ရန်နှင့် ရာဇဝတ်ကျူးလွန်သူဟု သံသယရှိသူများကို နေရပ်ပြန်ပို့ခြင်းနှင့် လွှဲပြောင်းပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်ကာ ဒေသတွင်း တည်ငြိမ်ငြိမ်းချမ်းရေးကို အတူထိန်းသိမ်းသွားရန် သဘောတူခဲ့ကြသည်။ ယခုနှစ်အတွင်း တရုတ်၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံမှ ရာဇဝတ်ကျူးလွန်သူဟု သံသယရှိသူ ၅၅၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်၆ နိုင်ငံမှ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများ ပူးတွဲတိုက်ဖျက်ရေး အရှိန်မြှင့်
Nov 16 • 1:25 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


