back

တတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ပြီးစီး

Nov 16 • 1:21 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ပြီးစီး

တတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးတွဲလေ့ကျင့်ခန်းနှင့် ချစ်ကြည်ရေးခရီးအတွက် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသော ရုရှားရေတပ် P...

တတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးတွဲလေ့ကျင့်ခန်းနှင့် ချစ်ကြည်ရေးခရီးအတွက် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသော ရုရှားရေတပ် Pacific Fleet မှ ရေယာဉ် ၃ စီးသည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ပြီးနောက် ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။ နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မြန်မာ့တပ်မတော် ရေယာဉ်များနှင့် ပူးပေါင်း၍ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် ပိတ်ပွဲအခမ်းအနား ကျင်းပကာ ပြန်လည်ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ဤခရီးစဉ်အတွင်း ရုရှားရေတပ်ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော် (ရေ) မှ ဦးစီးအရာရှိချုပ် (ရေ) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံရေတပ်များအကြား ဆက်ဆံရေးနှင့် လေ့ကျင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့သော ဖွင့်ပွဲအခမ်းအနားသို့ တရုတ်၊ အိန္ဒိယ၊ ထိုင်းအပါအဝင် နိုင်ငံ ၁၀ နိုင်ငံမှ သံမှူးများလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။

news-view-count-icon

42