back

မိတ္ထီလာမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ ဒဏ်ရာရရှိ

Nov 15 • 3:29 PM

breaking-news

မြန်မာ

မန္တလေး

cover

မိတ္ထီလာမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ ဒဏ်ရာရရှိ

 နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင် မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၀ ဖာလုံနှင့် ...

 နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင် မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။မိတ္ထီလာဘက်မှ ကျောက်ပန်းတောင်း ဘက်သို့ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာကျေးရွာနေ ထွန်းမောင်(၅၈)နှစ် မောင်းနှင်လာသည့် MDY-20 1K/xxxx Mitsubishi Canter ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ လဲကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်လိုက်ပါလာသော မြင်သာကျေးရွာနေသူများ ဖြစ်ကြသည့် ကိုနိုင်ဝင်း(၃၅)နှစ်ပါအမျိုးသား ၂ ဦး၊ အမျိုးသမီး ၈ ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ထွန်းမောင်အား မိတ္ထီလာမြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



news-view-count-icon

21