CNTIC (China National Technical Import and Export Corporation) နှင့် Hong Kong V-Power ကုမ္ပဏီတို့မှ ပိုင်ဆိုင်သည့် MV CNTIC VPOWER ENERGY သင်္ဘောသည် နိုဝင်ဘာလ ၁၄ ရက် ည ၁၀ နာရီတွင် မြန်မာ့ပင်လယ်ပြင်အတွင်း ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။နိုဝင်ဘာလ ၁၅ ရက် နံနက် ၂ နာရီတွင် MCV Terminal ရှေ့၌ ကျောက်ချရပ်နားကာ ၎င်းမှတစ်ဆင့် နံနက် ၁၀ ခွဲအချိန်တွင် အဆင်ပြေချောမွေ့စွာ ဆိုက်ကပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။



