back

ထိုင်း-မြန်မာနယ်စပ် ဒေသမှာ ဆင်လေးတစ်ကောင်မြေ-မြှုပ်-မို-င်း နင်းမိခဲ့တာကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရ

Nov 15 • 3:26 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း-မြန်မာနယ်စပ် ဒေသမှာ ဆင်လေးတစ်ကောင်မြေ-မြှုပ်-မို-င်း နင်းမိခဲ့တာကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရ

မိုရှာဆိုတဲ့ ဒီဆင်လေးဟာ မြေ-မြှုပ်-မို-င်း နင်းမိခဲ့တာကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။ သူ့အသက် ငယ်ငယ်လေးနဲ့ အခုလိုမျိုး အဖြစ်ဆိုး ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်...

မိုရှာဆိုတဲ့ ဒီဆင်လေးဟာ မြေ-မြှုပ်-မို-င်း နင်းမိခဲ့တာကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။ သူ့အသက် ငယ်ငယ်လေးနဲ့ အခုလိုမျိုး အဖြစ်ဆိုး ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီဆင်လေးဟာ ထိုင်း-မြန်မာနယ်စပ် ဒေသမှာ ဒါမျိုးဖြစ်ခဲ့တယ်လို့ သိရှိရပြီး သူ့ကို အသက်ကယ်တင်ဖို့ ထိုင်းနိုင်ငံအတွင်းမှာပဲ အရေးပေါ် ဆေးကုသမှုတွေ ပေးခဲ့ရပါတယ်။ နောက်ဆုံးမှာ အသက်အန္တရာယ်မရှိခဲ့ပေမယ့် သူ့ရဲ့ ခြေတစ်ဖက်ကိုတော့ ဆုံးရှုံးလိုက်ရပါတယ်။ အခုဆိုရင်တော့ ဒီဆင်လေးက ဒီခြေထောက်အတုကို တပ်ဆင်ထားရင်းနဲ့ပဲ သာမန်အတိုင်း လမ်းလျှောက်သွားလာနိုင်ပြီဖြစ်ပါတယ်။ နောက်ပြီး ဒီလိုမျိုး ခြေထောက်အတုကို ဆင်တစ်ကောင်မှာ တပ်ဆင်နိုင်အောင် စီစဉ်ပေးခဲ့တာကလည်း ပထမဆုံးဖြစ်ခဲ့တယ်လို့ အချို့က ဆိုထားပါတယ်။


news-view-count-icon

9