back

ဈေးလာဝယ်သည့် မြန်မာအမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရမှု ဘန်ကောက်မြို့တွင် ဖြစ်ပွား

Nov 15 • 3:26 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဈေးလာဝယ်သည့် မြန်မာအမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရမှု ဘန်ကောက်မြို့တွင် ဖြစ်ပွား

နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၂၉ မိနစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျောင်ထောင်နယ်မြေ၊ ဆုခဝတ်လမ်းသွယ်ရှိ အေကချိုင်ဈေး၌ ဈေးလာဝယ်သည့် မြန်မာအမျိုးသမီးတစ်ဦးကို အမည်မသိ...

နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၂၉ မိနစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျောင်ထောင်နယ်မြေ၊ ဆုခဝတ်လမ်းသွယ်ရှိ အေကချိုင်ဈေး၌ ဈေးလာဝယ်သည့် မြန်မာအမျိုးသမီးတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးက ဓါးနှင့်ခြိမ်းခြောက်၍ ဆွဲကြိုးလုယူထွက်‌ပြေးသွား မှုဖြစ်ပွားခဲ့ကြောင်း မတိချွန်သတင်းတွင် ဖော်ပြသည်။တရားခံ အမျိုးသားမှာ လာအိုနိုင်ငံသား တာဘန် အသက် (၃၃) နှစ်ဖြစ်ပြီး လုယက်ယူဆောင်သွားသည့် ဆွဲကြိုးအား ရွှေဆိုင်တစ်ခုသို့ ဘတ် ၅၆၀၀၀ နှင့်ရောင်းချခဲ့ကြောင်း၊ ၎င်းကို ဖမ်းဆီးရမိချိန်တွင် ဘတ် ၄၉,၀၀၀ ကိုသာတွေ့ရှိရပြီး ဘတ် ၇၀၀၀ ကို သမီးငယ်အတွက် နို့မှုန့်ဝယ်ရန်အသုံးပြုလိုက်ပြီဖြစ်သည်ဟု ရဲစခန်းတွင် ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။



news-view-count-icon

14