ထိုင်းနိုင်ငံ အလယ်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်မှာတော့ အခုအခါ ငွေတွေ ရေလိုဝင်နေပါတယ်။ ဘာလို့လဲဆိုတော့ ဆိုင်ထဲကို မြစ်ရေတွေ ဝင်ပြီး ရေလွှမ်းနေတာကိုမှ လူတွေက သဘောကျပြီး အလုအယက် လာစားနေကြလို့ပါပဲ။ ဒါဟာ ရိုးရိုးရေထဲ ထိုင်စားရတာ မဟုတ်ပါဘူး။ ကိုယ့်စားပွဲဘေးမှာ၊ ခြေထောက်နားမှာ အရှင်လတ်လတ် ငါးတွေ ကူးခတ်နေတာကို ခံစားရင်း စားရတဲ့ "ထူးခြားတဲ့ ရေလယ်ခေါင် dining experience" ကြီး ဖြစ်နေပါတယ်။ဆိုင်ရှင်ဖြစ်တဲ့ Pornkamol Prangprempree က ဒီဆိုင်ကို ဖွင့်လာတာ နှစ် ၃၀ ကျော်ပါပြီ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပထမဆုံးအကြိမ် ရေဝင်တုန်းကတော့ "ရင်ကျိုး" မတတ် ခံစားခဲ့ရတာပါ။ "ဒီလိုကြီး ရေဝင်နေတာ ဘယ် customer မှ လာမှာ မဟုတ်တော့ဘူး" လို့ တွေးပြီး စိတ်ညစ်ခဲ့ရပါတယ်။



