နိုဝင်ဘာလ (၁၃)ရက် နံနက် (၁၁)နာရီကျော်အချိန်က ဇမ္ဗူသီရိမြို့နယ် အမှတ် (၇)နယ်မြေရဲစခန်းမှ လှည့်ကင်းဆောင်ရွက်နေချိန် ဗလသိဒ္ဓိရပ်ကွက်အရောက် လူနေထိုင်ခြင်းမရှိတဲ့ ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၂၃၁၆)ရဲ့ အပေါ်ထပ်ကနေ လူသံကြားရတာကြောင့် သွားရောက် စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိခဲ့သူများမှာ ပျဉ်းမနားမြို့နယ် ရွှေကြည်ရပ်ကွက်နေ အောင်အောင် နဲ့ ဗလသိဒ္ဓိရပ်ကွက်နေ မခိုင်ခိုင်ဝင်း တို့ နှစ်ဦးကိုတိုက်အတွင်းမှ ဖြုတ်၍ ခိုးယူထားတဲ့ အလူမီနီယံဘောင်များ နဲ့ ခိုးယူရာမှာ အသုံးပြုတဲ့ ဝက်အူလှည့် နှစ်ချောင်းတိုနဲ့အတူ တွေ့ရှိခဲ့ပါတယ်။



