back

ဂျပန်မှာ ဝက်ဝံတွေကို ရိုင်ဖယ်နဲ့ သတ်ဖြတ်ခွင့်ပြုတဲ့ ဥပဒေအသစ် စတင် အသက်ဝင်

Nov 15 • 3:18 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်မှာ ဝက်ဝံတွေကို ရိုင်ဖယ်နဲ့ သတ်ဖြတ်ခွင့်ပြုတဲ့ ဥပဒေအသစ် စတင် အသက်ဝင်

ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်ခံရမှုတွေ မြင့်တက်လာခြင်းကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်ရဲတပ်ဖွဲ့ဝင်တွေကို ရိုင်ဖယ်သေနတ်နဲ့ ဝက်ဝံတွေကို သတ်ဖြတ်ခွင့်ပြုခဲ့တဲ့ ဥပဒေသစ်...

ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်ခံရမှုတွေ မြင့်တက်လာခြင်းကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်ရဲတပ်ဖွဲ့ဝင်တွေကို ရိုင်ဖယ်သေနတ်နဲ့ ဝက်ဝံတွေကို သတ်ဖြတ်ခွင့်ပြုခဲ့တဲ့ ဥပဒေသစ် နိုဝင်ဘာ ၁၃ ရက်က အသက်ဝင်ခဲ့ပါတယ်။ နိုင်ငံအနေနဲ့ ဝက်ဝံ တိုက်ခိုက်ခံရမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်လာတာနဲ့အမျှ ရဲတပ်ဖွဲ့တွေကိုလည်း ၎င်းတို့ရဲ့ရိုင်ဖယ်အသုံးပြု ထိန်းချုပ်နိုင်မယ့်အတိုင်းအတာထိ တိုးချဲ့ခဲ့ပါတယ်။ ယခင်က ရိုင်ဖယ်နဲ့ပစ်ခတ်ဖြေရှင်းခြင်းကို လေယာဉ်ပြန်ပေးဆွဲမှုတွေလို ပြင်းထန်တဲ့ရာဇဝတ်မှုဖြစ်ရပ်တွေ ကိုင်တွယ် ဖြေရှင်းခြင်း (သို့မဟုတ်) ကာကွယ်ခြင်းအတွက်သာ ကန့်သတ်ထားတာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ အဆိုအရ ဧပြီလမှစ ဝက်ဝံကြောင့် သေဆုံးမှုအရေအတွက်ဟာ နိုဝင်ဘာ ၅ ရက်အထိက စံချိန်တင် ၁၃ ဦးအထိ ရှိလာခဲ့တယ်လို့ ဆိုပါသည်။



news-view-count-icon

2