ဗီယက်နမ်သည် လာမည့်နှစ်မှစ၍ ကန်ထရိုက်စာချုပ်ချုပ်ဆိုထားသော အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခကို ၇%ကျော် တိုးမြှင့်မည်။ ကုမ္ပဏီများအဖို့ အလုပ်သမားကုန်ကျစရိတ်များ မြင့်တက်မည့် အလားအလာ ရှိသည်။ အနည်းဆုံးလုပ်ခလစာအသစ်သည် နေရာဒေသအလိုက် ကွာခြားသည်။တစ်လလျှင် ဗီယက်နမ်ဒေါင် ၃.၇ သန်းမှ ၅.၃၁ သန်း (ဒေါ်လာ ၁၄၁ မှ ၂၀၂) အထိ ရှိမည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စတင်သက်ရောက်မည်။



