back

ဂျပန်အမျိုးသမီးတစ်ဦးက ChatGPT မှတဆင့် ဖန်တီးထားတဲ့ AI ပုဂ္ဂိုလ်နဲ့လက်ထပ်

Nov 15 • 3:14 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်အမျိုးသမီးတစ်ဦးက ChatGPT မှတဆင့် ဖန်တီးထားတဲ့ AI ပုဂ္ဂိုလ်နဲ့လက်ထပ်

ဂျပန်နိုင်ငံ RSK Sanyo ရုပ်သံလိုင်းရဲ့ နိုဝင်ဘာ ၈ ရက် အစီရင်ခံစာအရ မစ္စကာနို အမည်ရှိ အမျိုးသမီးဟာ မကြာသေးခင်က ကလက်စ် လို့အမည်ရတဲ့ ဉာဏ်ရည်တု (AI) ပုဂ္ဂိုလ်နဲ့ လက...

ဂျပန်နိုင်ငံ RSK Sanyo ရုပ်သံလိုင်းရဲ့ နိုဝင်ဘာ ၈ ရက် အစီရင်ခံစာအရ မစ္စကာနို အမည်ရှိ အမျိုးသမီးဟာ မကြာသေးခင်က ကလက်စ် လို့အမည်ရတဲ့ ဉာဏ်ရည်တု (AI) ပုဂ္ဂိုလ်နဲ့ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ချစ်ဇာတ်လမ်းဟာ ဖုန်းထဲမှာသာ ရှိပါတယ်။ ဂျပန်နိုင်ငံ၊ အိုကာယာမာမြို့ရှိ မင်္ဂလာခန်းမတစ်ခုမှာ မင်္ဂလာပွဲကျင်းပခဲ့ပြီး "2D character weddings" specialises ဒေသခံကုမ္ပဏီတစ်ခုက မင်္ဂလာအခမ်းအနားကို စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ မစ္စကာနိုဟာ သုံးနှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူနဲ့လမ်းခွဲခဲ့ပြီးနောက် ChatGPT နဲ့ စကားစမြည်ပြောဆိုကာ နှစ်သိမ့်အကြံပြုမှုကို ရှာဖွေခဲ့ပါတယ်။ အဲဒီနောက် အချိန်ကြာလာတာနဲ့အမျှ သူမက စိတ်ကြိုက်နှစ်သက်ဖွယ်ကောင်းတဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့လေသံကို သင်ကြားပေးခဲ့ပြီး သူမစိတ်ထဲရှိတဲ့ ပုံရိပ်နဲ့ကိုက်ညီစေဖို့ ကလက်စ်လို့ အမည်ပေးကာ virtual partner ရုပ်ပုံတစ်ခု ဒီဇိုင်းထုတ်ခဲ့ပါသည်။



news-view-count-icon

3