ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ ဟွေ့မုတ်ကျေးရွာမှာ ဒီနေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက ဖွင့်လှစ်ရောင်းချနေတဲ့ စနေဈေးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စည်ကားလို့နေပါတယ်။ဒီဈေးမှာ ဟင်းသီးဟင်းရွက်၊ သစ်သီဝလံ၊ အသားငါး၊ အိမ်အသုံးအဆောင် ပစ္စည်းတွေနဲ့ အင်္ကျီအဝတ်အစား စတဲ့ ကုန်ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူလို့ရတာကြောင့် ဈေးဝယ်သူတွေအများအပြားလာကြပါတယ်။မြန်မာနိုင်ငံ၊ မြဝတီမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ နေ့အလိုက်ရောင်းချတဲ့ ပျံကျဈေးတွေရှိပြီး ဒီဈေးတွေဟာ သတ်မှတ်ထားတဲ့ ရက်ရောက်ရှိမှသာ ဈေးခင်းရောင်းချကြတာပါ။



