ရန်ကုန်မြို့တွင် ရပ်နားထားသော မော်တော်ယာဉ်များကို မှန်ခွဲ၍ ယာဉ်အတွင်းရှိ ပစ္စည်းများကို ခိုးယူသည့် ဖြစ်စဉ်များ မကြာခဏကြုံတွေ့နေကြရကြောင်း သိရသည်။ ထို့ကြောင့် ကားမောင်းသူများအနေဖြင့် ကားရပ်နားခဲ့ပါက ကားထဲတွင် မည်သည့်ပစ္စည်းမှ မထားရန်၊ မလွှဲသာဘဲ ထားခဲ့ပါကလည်း လုံခြုံစွာ သိမ်းဆည်းထားခဲ့ရန်၊ alarm တပ်ထားရန် စသည်ဖြင့် ၄င်းက တိုက်တွန်းထားသည်။ကားမှန်ခွဲ၍ ကားအတွင်းမှ ပစ္စည်းများ ရှာဖွေယူဆောင်သွားမှုကို မြို့နယ်အချို့တွင် ယခင်က လမ်းဘေး၌ ညအိပ်ရပ်နားထားခဲ့သော ကားအချို့တွင် ကြုံခဲ့ဖူးခြင်းမျိုး ဖြစ်သည်။



