တရုတ်အာကာသစခန်းမှ နဝမအသုတ် အာကာသသိပ္ပံစမ်းသပ်မှု နမူနာများသည် ရှန်ကျိုး-၂၁ အာကာသယာဉ်နှင့်အတူ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိလာကြောင်း သတင်းထောက်က တရုတ်သိပ္ပံအကယ်ဒမီမှ သိရှိရသည်။ ယခုအကြိမ်ဆင်းသက်မှုနှင့်အတူ ပြန်လည်ရောက်ရှိလာသော သိပ္ပံစမ်းသပ်နမူနာများတွင် ဇီဝ စမ်းသပ်နမူနာ ၉ မျိုး၊ ပစ္စည်း စမ်းသပ်နမူနာ ၃၂ မျိုးနှင့် လောင်ကျွမ်းခြင်း စမ်းသပ်နမူနာ ၃ မျိုးအပါအဝင် စမ်းသပ်စီမံကိန်း ၂၆ ခု ပါဝင်ပြီး စုစုပေါင်းအလေးချိန်မှာ ၄၆.၆၇ ကီလိုဂရမ်ခန့်ရှိကြောင်း သိရသည်။ ယင်းအနက် ကြွက်လေး စမ်းသပ်နမူနာများ မြေပြင်သို့ ဆင်းသက်လာပြီးနောက် သိပ္ပံသုတေသနဝန်ထမ်းများသည် ယင်းနေရာတွင်ပင် ချက်ချင်း စီမံမှုများလုပ်ဆောင်ခဲ့သည်။



