back

တစ်နှစ်ပတ်လုံးအင်းလေး ခရမ်းချဉ်သီး စျေးနှုန်း ကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်

Nov 15 • 1:12 PM

breaking-news

မြန်မာ

ရှမ်း

cover

တစ်နှစ်ပတ်လုံးအင်းလေး ခရမ်းချဉ်သီး စျေးနှုန်း ကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသတွင် နိုဝင်ဘာလ ၁၄ ရက်က ခရမ်းချဉ်သီး စျေးနှုန်း တစ်ပိဿာ လျှင် ၁၅၀၀ ကျပ် မှ ၁၃၀၀ ကျပ် အထိသာ စျေးနှုန်း ရှိတော့သဖြင့် တွက်ခြေကို...

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသတွင် နိုဝင်ဘာလ ၁၄ ရက်က ခရမ်းချဉ်သီး စျေးနှုန်း တစ်ပိဿာ လျှင် ၁၅၀၀ ကျပ် မှ ၁၃၀၀ ကျပ် အထိသာ စျေးနှုန်း ရှိတော့သဖြင့် တွက်ခြေကိုက်မှု နည်းပါးလာနေကြောင်း သိရသည်။ယခုနှစ်တွင် အခြားကုန်စျေးနှုန်းများ စျေးတက်ချိန် ဓါတ်ဆီစျေး၊ ဓါတ်မြေ ဩဇာ ၊ မျိုးစေ့ အကုန်စျေးတက်နေသော်လည်း ခရမ်းချဉ်သီး ခုတလော တစ်ပိဿာမှ ၁၃၀၀ ။ တစ်တင်းကို ၃၈ ၊ ၃၉ လောက်ပဲရ၍ ခရမ်ချဥ်သီးစိုက်တောင်သူများအပြင် ပွဲစားများပါ အရှုံးပေါ်နေကြောင်းသိရသည်။ယခုအချိန်ထိ ခရမ်းချဉ်သီး စျေးကောင်းမရလျှင် မျှော်လင့်ချက် မရှိတော့ကြောင်း ၊ တခြားဒေသထွက် သီးနှံများ ထွက်ခြင်းကြောင့်လည်း စျေးနှုန်း ကျဆင်းကြောင်း သိရသည်။





news-view-count-icon

19