ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတက္ကသိုလ်တွင် သတ်မှတ်ထားသည့် ဆရာကန်တော့ကြေး မထည့်လျှင် အတန်းတက်လက်မှတ်ပေးထိုးမည် မဟုတ်ကြောင်း ခြိမ်းခြောက်မှုရှိနေကြောင်း အဝေးသင်တက်နေသည့် ကျောင်းသူ၊ကျောင်းသားထံမှ သိရသည်။ဆရာကန်တော့ကြေးဟုဆိုကာ အတင်းအကြပ်ကောက်ခံနေ၍ အဆင်မပြေသည့်ကြား မိဘထံ ကျောင်းသားအများစု မိဘထံ ပြန်လည်တောင်းခံနေရ ကြောင်း သိရသည်။၎င်းအပြင် ဆရာကန်တော့ကြေး ထည့်ဝင်ရာတွင် ကျူရှင်တက်သည့် နေရာ၌ တစ်ခါ၊ ကျောင်းကြီး ဆရာကန်တော့ရာတွင် တစ်ခါ ထည့်ရကြောင်း သိရသည်။



