ကျိုင်းတုံမြို့၊ နောင်ကုန်ပါလင်ရွာအကျော်နှင့် ငါးကန်အကွေ့အကျော်နားတွင် ယင်းသို့ လုယက်ခံရခြင်းဖြစ်ကာ ပြီးခဲသည့် နိုဝင်ဘာ ၁၀ ရက် နှင့် အောက်တိုဘာလအတွင်း တစ်ကြိမ်စီ၊ စက်တင်ဘာလအတွင်း ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကဆိုသည်။ယင်းလုယက်သူများမှာ ဆိုင်ကယ် ၃ စီးဖြင့် လူ ၅ ဦးဖြစ်ပြီး ဓားရှည်အစွပ်မချွတ်ဘဲ ရိုက်ပြီး လဲကျချိန်တွင် အာခါစကားဖြင့် ထပ်ရိုက်ရန် ပြောဆိုကြောင်း ကိုယ်တိုင်ကြုံတွေ့သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ထိုသို့ အုပ်စုဖွဲ့လုယက်ခံရသဖြင့် လက်ရှိတွင် ကျောင်းပြန်၊ ကျူရှင်ပြန်နှင့် အလုပ်ပြန်သည့် မိန်းကလေးများမှာ ယင်းနေရာကို မဖြတ်ရဲလောက်အောင် ကြောက်ရွံ့နေကြကြောင်း သိရသည်။



