back

ပြည်တွင်းမော်လိုက်မြို့အနီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့် ငလျင်လှုပ်ခဲ့

Nov 15 • 4:42 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းမော်လိုက်မြို့အနီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့် ငလျင်လှုပ်ခဲ့

မြန်မာနိုင်ငံ၊မော်လိုက်မြို့အနီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့် ငလျင်လှုပ် ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။၂၀၂၅ ခုနှစ်၊ နိုဝင်ဘ...

မြန်မာနိုင်ငံ၊မော်လိုက်မြို့အနီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့် ငလျင်လှုပ် ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၀၈)မိနစ်၊ (၁၃) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်‌တောင်ဘက် (၄၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အနောက်ဘက် (၂၆) မိုင်ခန့်အကွာ)မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အခုရက်ပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်းငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်တာတွေကြုံတွေ့ နေရပြီး တစ်ကျော့ပြန် ငလျင်ကြီးလှုပ်ခတ်နိုင်ခြေရှိလို့ သတိပြုနေထိုင်ကြဖို့ မြေငလျင်ဌာနခွဲမှ သတိပေးထားပါတယ်။



news-view-count-icon

28