back

လိင်အရှုပ်တော်ပုံရှိခဲ့တဲ့ အမေရိကသန်းကြွယ်သူဌေးနဲ့ ပြင်သစ်မော်ဒယ်လ်လုပ်ငန်းရှင်တို့ရဲ့ အီးမေးလ်ထဲမှာ သရုပ်ဆောင်နဲ့အဆိုတော်ချမ်းချမ်းရဲ့ အကြောင်း ပါဝင်နေမှုအပေါ် ပြန်လည်ရှင်းလင်းလာခဲ့တဲ့ ချမ်းချမ်း

Nov 15 • 4:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လိင်အရှုပ်တော်ပုံရှိခဲ့တဲ့ အမေရိကသန်းကြွယ်သူဌေးနဲ့ ပြင်သစ်မော်ဒယ်လ်လုပ်ငန်းရှင်တို့ရဲ့ အီးမေးလ်ထဲမှာ သရုပ်ဆောင်နဲ့အဆိုတော်ချမ်းချမ်းရဲ့ အကြောင်း ပါဝင်နေမှုအပေါ် ပြန်လည်ရှင်းလင်းလာခဲ့တဲ့ ချမ်းချမ်း

သရုပ်ဆောင်ချမ်းချမ်းဟာ လိင်အမြတ်ထုတ်မှုတွေ မိန်းကလေးငယ်တွေကို လူကုန်ကူးမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေခဲ့ကြတဲ့ အမေရိကသန်းကြွယ်သူဌေးကြီး ဂျက်ဖရေးအက်ပ်စတိန်း နဲ့ ပြင်သစ...




သရုပ်ဆောင်ချမ်းချမ်းဟာ လိင်အမြတ်ထုတ်မှုတွေ မိန်းကလေးငယ်တွေကို လူကုန်ကူးမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေခဲ့ကြတဲ့ အမေရိကသန်းကြွယ်သူဌေးကြီး ဂျက်ဖရေးအက်ပ်စတိန်း နဲ့ ပြင်သစ်နိုင်ငံက မော်ဒယ်အေဂျင်စီလုပ်ငန်းရှင် ဂျင်းလု.စ်ဘရူနယ် တို့ အချင်းချင်း အပြန်အလှန်ပို့ထားတဲ့ အီးမေးလ်ထဲမှာ အကြောင်းအရာတစ်ခုအနေနဲ့ ပါဝင်နေခဲ့တာဖြစ်ပြီး သူမရဲ့ ပုံတွေကိုပေးပို့မယ်လို့ ပြောထားတဲ့ အီးမေးလ် တွေ ရှိနေခဲ့တာလို့ သိရပါတယ်။ဒီကိစ္စနဲ့ပ.တ်သ.က်ပြီး အဆိုတော်ချမ်းချမ်းက "သူမ သီချင်းဆိုပြိုင်ပွဲမှာဆုရပြီး မော်ဒယ်လ်လည်း လုပ်နေတဲ့အချိန် သူမဖခင် အင်္ဂလိပ်စာ ဆရာ နိုင်ငံခြားသားကျောင်းသားတွေကို စာသင်ပေးနေတဲ့နောက် လိုက်ခဲ့တာမျိုးရှိကြောင်း အဲဒီအချိန်မှာပဲ သူမကို အဆိုပါအိမ်ကသူက မင်းကိုစိတ်ဝင်စားကြောင်း ပြင်သစ်ကအေဂျင်စီတော်တော်များများက မင်းပုံစံကို ကြိုက်မှာ နိုင်ငံခြားကအေဂျင်စီအတော်များများက မင်းပုံစံဆိုရင်အလုအယက်ခေါ်မှာတဲ့ အဲအတွက် ငါမင်း ဘဝကို ပြောင်းလဲပေးမယ်။ မင်းစာချုပ်ဘာညာ ရှိထားလားမြန်မာမှာလို့ မေးတယ်။ အဲအချိန်က ကိုယ်တိုင်ကလည်း ELLE မဂ္ဂဇင်းတို့ ဘာတို့သူကအပ်ပေးမယ်ဆိုလို့ ကိုယ်ကလည်း သွားချင်တယ် ဟုတ်ကဲ့ လုပ်မယ်ပေါ့ အဲဒါနဲ့ ရိုက်မယ်ဆိုပြီး အဲ့အမျိုးသမီးက သူ့ရဲ့ အဝတ်လဲခန်းထဲကို ခေါ်သွားတယ်။ရိုက်ကူးရေးမှာဝတ်ရမယ့် ပစ္စည်းတွေပြတယ်။ပြီးတော့ ကမ္ဘာအေးဘုရားလမ်းမှာ ရှုတင်စတယ် စတူဒီယိုတစ်ခုသူငှားတယ်. ဒီတစ်ခေါက်က ဘာရို.က်ရမှာလဲဆိုတော့ သူက အကျီမပါဘူးတဲ့။အကျီမပါပဲဆိုတော့ ကိုယ်ကစဥ်းစားတယ် မော်ဒယ်လ်အေဂျင်စီက ဘာအတွက် အကျီမပါပဲလည်း ပေါ့ ။သူ့ကိုမေးတော့လည်း သူကဟုတ်တယ် ဒီနိုင်ငံ ယဥ်ကျေးမှုနဲ့ ဟိုဘက်နိုင်ငံရဲ့ ယဥ်ကျေးမှုမတူတာပေါ့. အနာအဆာရှိလား ရ.င်.ဆိုက်ဘယ်လောက်ရှိလဲ တင်-အတော်.ကု.-ထည့်ထားလား ရ.င်-အတော်.ကု.-ထည့်ထားလား အဲလိုစ.စ်တယ်တဲ့. အဲ့ကျတော့ ဒါဆိုရင်တော့ အဆင်မပြေဘူး မြန်မာမှာက ကျွန်မမိဘတွေကိုလည်း ပြန်ပြောရမယ်လို့ ပြောတော့ သူကဒါဆိုရင် မပြပဲ ရိုက်မယ်လို့ ပြောလာလို့ လက်ခံခဲ့တယ်။ပြီးတော့သူတို့ကပြောတယ် ဒီအတွက် ပတ်စ်ပို့တွေဘာတွေ ပြင်ဆင်ရမယ်။မိဘခွင့်ပြုချက်လည်း တောင်းရမယ်ပေါ့။. ကျွန်မက တစ်ယောက်ထဲသွားရမှာလား မိဘတွေဘာတွေမပါရဘူးလား ညီအစ်ကိုမောင်နှမ ခေါ်လို့မရဘူးလားဆိုတော့ မရဘူးတဲ့။ဟိုကျရင်နင့်လိုပဲ ကြိုးစားနေတဲ့ တခြားမိန်းကလေးတွေလည်းရှိတယ်. အပြိုင်အဆိုင်ကြိုးစားပြီး ရတဲ့ပိုက်ဆံနဲ့မိဘကို ပြန်ထောက်ပံ့ကြတယ်ပေါ့. အမေနဲ့အဖေကို ပြန်ပြောပြတော့ သူတို့ကစိတ်ပူတယ် သမီးရယ်မသွားနဲ့ပေါ့ မြန်မာမှာလည်း ကိုယ့် နေရာတစ်ခု ရှိနေပြီဆိုတော့ မသွားဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့နဲ့တွေ့တာ Melody world ပြီး ဘယ်လောက်မှမကြာဘူးဆိုတော့ 2011 2012 ဝန်းကျင်လောက်ဖြစ်မယ်. အဲ့နောက်ပိုင်းတော့သူတို့နဲ့ အဆက်အသွယ်ပြ.တ်သွားတယ်.'' လို့ အဆိုတော်ချမ်းချမ်းက ပြောပါတယ်။ ချမ်းချမ်းက '' ကံကောင်းသွားတယ်လို့ပြောရမှာပေါ့. သတင်:တွေဖတ်လိုက်တဲ့အချိန်မှာ နိုင်ငံတကာကအမျိုးသမီးတွေကို လိင် ပိုင်းဆိုင်ရာ အခုလို ရောင်:စာ:ခံ.ရတာတွေ လူကြီးပိုင်းတွေနဲ့ အသုံ:တော်ခံ.ရတာတွေ အဲ့သတင်:တွေထွက်လာတဲ့အခါကျတော့ အော်ငါတော်တော်ကံကောင်းပါလားပေါ့. အဲ့အချိန်ကလည်း မိဘကိုလုပ်ကျွေးနေတဲ့အချိန် သီချင်းဆိုမော်ဒယ်လ်လုပ်ပြီး မိဘပြန်ရှာပေးနေချိန် ကိုယ့်မိဘကို ရိုးရိုးသားသား ရှာကျွေးနေလို့လားမသိဘူး ဒီလိုအန္တ.ရာ.ယ်ကနေ လွတ်လာတယ်ပဲ ပြောရမှာပေါ့. ကိုယ်တိုင်လည်း မိဘကိုအကုန်ပြန်တိုင်ပင်တယ် တစ်ယောက်ထဲမဆုံးဖြတ်ဘူး. မိဘတွေကလည်း သူတို့ရဲ့မေတ္တာနဲ့ ပြန်စောင့်ရှောက်တယ်လို့ မြင်မိပါတယ်. အဲ့လိုကံကြောင့်လည်း လွ.တ်ခဲ့တယ်လို့ ထင်ပါတယ်'' လို့ သူမကြုံခဲ့ရတဲ့ ဖြစ်စဥ်ကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်



news-view-count-icon

137