back

ဘန်ကောက်တွင် အွန်လိုင်းငွေလိမ်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ် ၃ ဦးနှင့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

Nov 15 • 4:24 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် အွန်လိုင်းငွေလိမ်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ် ၃ ဦးနှင့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုအခန်းတစ်ခန်း၌ နေထိုင်ပြီး အွန်လိုင်းလောင်းကစား (စလော့ဂိမ်းအပါအဝင်) ဝက်ဘ်ဆိုက်များ ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုအခန်းတစ်ခန်း၌ နေထိုင်ပြီး အွန်လိုင်းလောင်းကစား (စလော့ဂိမ်းအပါအဝင်) ဝက်ဘ်ဆိုက်များ ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟု သံသယဖြင့် တိုင်ကြားခံရသဖြင့် ဝင်ရောက်စစ်ဆေးရာမှ လက်ပ်တော့ ၄ လုံးနှင့် တရုတ်ဘာသာဖြင့် ဖွင့်ထားသော အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့သည် အွန်လိုင်းရာဇဝတ်မှုကျူးလွန်ရန် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်လူငယ်ကွန်ရက်တစ်ခုဖြစ်ပြီး၊ ခရီးသွား သို့မဟုတ် ကျောင်းသားများအဖြစ် ဟန်ဆောင်ကာ ဝင်ရောက်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရမိသူများကို သက်သေခံပစ္စည်းများနှင့်အတူ ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

news-view-count-icon

23